ဖိနှိပ်မှုအမျိုးမျိုးကိုကျော်လွန်၍ ချင်း/ခရစ်ယာန်ပြည်သူများ အားလုံး Xmas မှာ ပျော်ရွှင်ကျန်းမာကြပါစေကြောင်း…

Xmas နီးလာတာနဲ့အမျှ ခရစ်ယာန်ဘာသာအများစုကိုးကွယ်သော ချင်းပြည်သူများ အေးချမ်းတည်ငြိမ်စွာ မနေနိုင်အောင် ပုံစုံအမျိုးမျိုးဖြင့် လိုက်နှောက်ယှက်နေတဲ့ အဖြစ်အပျက်များ ချင်းပြည်သူတွေ အခုတလော ကြုံတွေ့နေရတာ စိတ်မကောင်းစရာပါ။ ဓိတ်ပုံမှာ ဖော်ပြထားတဲ့အတိုင်း —

၁။ မတူပီမြို့မှာ စစ်ဗိုလ်တစ်ဦးက ချင်းအမျိုးသမီးကို ကိုယ်ထိလက်ရောက် စော်ကားမှုဖြစ်ပွားတယ်ဟု သိရတယ်။ ဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းရန် နစ်နာသူဆိုသည့် ကျောင်းဆရာမကို ကျွန်တော်တို့ တတ်နိုင်တဲ့အပိုင်းကနေ ကူညီဖို့ရှိတယ်။ 

၂။ ကန့်ကော်မြိုနယ်၊ ပေါ်လယ်ရွာမှာ ချင်းခရစ်ယာန်များ ခရစ်စမတ်အတွက် ပြင်ဆင်နေတဲ့ ၀တ်ပြုပွဲမှာ ရွာသားတစ်ချို့က သူတို့အိမ်ကို ခဲနဲ့ ပစ်ပေါက်ပြီး ၂ ဦး ဒဏ်ရာရကြောင်းသိရတယ်။ ကျွန်တော်တို့ ကူညီနိုင်တဲ့အပိုင်းမှ ကူညီရန် အဆင်သင့်ဖြစ်ပါတယ်။ 

၃။ ပလက်ဝမှာ AA ကနေ ရွာသားတွေကို သတိပေး၊ ချိန်းခြောက်၊ ခိုင်းစေတဲ့ စာပို့တယ် ဟုသိရပါတယ်။ (ဒီစာက တကယ် AA က ရေးတာဟုတ်မဟုတ် သူတို့ကို ဆက်သွယ် စုံစမ်းနေဆဲဖြစ်ပါတယ်။ တကယ်လို့ အမှန်တကယ် ဟုတ်မှန်ပါက မလိုလားအပ်တဲ့ ပြသနာ ဖြစ်သွားမယ်) သေချာတာက အခုချိန်မှာ ရွာသားတစ်ချို့ မြန်မာ့ တပ်မတော်နဲ့ AA ၏ ဖိအားကြားမှာ အလွန်စိုးရိမ်နေကြတယ်။ 

ကျွန်တော်တို့လက်လှမ်းမမှီတာတွေလည်း ရှိနိုင်ပါသေးတယ်။ အားလုံးအတွက် ဆုတောင်းပေးကြရအောင်။ 

မည်သို့ပြင် ကျွန်တော်တို့ ခရစ်ယာန်များ၊ ချင်းပြည်သူများ အဘက်ဘက်က ဖိနှိုပ့်မှုနှင့် စုံစမ်းနှောက်ယှက်မှု ကြုံတွေ့ပါစေ ဘုရားသခင်၏ ခွန်အားနှင့် ကျွန်တော်တို့၏ ညီညွတ်မှု၊ ချစ်ခြင်းမတ္တာဖြင့် ကျော်လွှားပြီး ဒီနှစ် လာမည့် (၂၅)ရက်နေ့မှာ ကြရောက်မည့် Xmas မှာ အားလုံး ပျော်ရွှင်ကျန်းမာချမ်းသာ ကြပါစေကြောင်း…. 

Merry Xmas! May God bless Chinland!

Salai Ceu Bik Thawng

Lian cu Seihnam Journal ah Editor-in-chief a rak ṭuan. UNHCR zung i RSC department ah kum 4 chung holhlet le calet a ṭuan pah in Faiceu Journal ah 'editor' in a rak bawm pah hna. 2016 ah The Chin Express a dirh i ni fatin Chin thawngpang le vawlei cung thawngpang phunkip a ṭial.